မိုးညှင်းမြို့နယ်အတွင်း တရားမဝင်သစ်စက်(၂)လုံးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၁၃-၂-၂၀၂၀ ရက်နေ့တွင် ကချင်ပြည်နယ်၊ သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုးညှင်းမြို့နယ်၊ လုံးတုံမြို့၊ တောင်းတန်းသာရပ်ကွက်အတွင်းရှိ နေအိမ်ခြံဝန်း အတွင်းနှင့် ဟဲပန်ကျေးရွာ၏ အနောက်ဘက်(၃)မိုင်ခန့်အကွာ ဟဲပန်ကျေးရွာနှင့် မိုင်းပုတ်ကျေးရွာသွား ကားလမ်း၏ တောင်ဘက်(၆)ဖာလုံခန့်အကွာ၊ နန့်ရင်းခါကြိုးပြင်ကာကွယ်တောအတွင်း နေရာများ၌ တရားမဝင်သစ်စက်ဆက်ပစ္စည်းများနှင့် တရားမဝင်ကျွန်း/စကားဝါ/မအူ/ကြေးလံ/ကညင်/ယမနေခွဲသား/ ခြမ်း (၃၁၆)ချောင်း/ခြမ်း (၁၃.၆၂၅)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများ အား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။

date: 
Wednesday, February 19, 2020 - 10:15