မိုးညှင်းမြို့နယ်၊ ရွှေဘို-မြစ်ကြီးနားပြည်ထောင်စု လမ်းမကြီးဘေးတွင် မော်တော်ယာဉ်(၂)စီးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၁၄-၂-၂၀၂၀ ရက်နေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မိုးညှင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မစခ(၉၀၄)တပ်မှ ဗိုလ်ကြီးစိုးမိုးဝင်းနှင့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် မိုးညှင်းမြို့နယ်၊ ညောင်းကိုင်းကျေးရွာအရှေ့မြောက်ဘက်(၂.၅)ကီလိုမီတာခန့်အကွာ ရွှေဘို-မြစ်ကြီးနားပြည်ထောင်စု လမ်းမကြီးဘေးတွင် မော်တော်ယာဉ်(၂)စီးပေါ်မှ တရားမဝင်ကညင်/စကားဝါသစ်(၁၆)လုံး (၁၁.၄၈၀၀)တန် အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Wednesday, February 19, 2020 - 10:30