တောင်ကြီးမြို့နယ်၊ နောင်လေကျေးရွာအုပ်စု၊ ကန်လောင်းကျေးရွာလမ်းဆုံတွင် မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၁၅-၂-၂၀၂၀ ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ တောင်ကြီးမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တောင်ကြီးမြို့နယ်၊ နောင်လေကျေးရွာအုပ်စု၊ ကန်လောင်းကျေးရွာလမ်းဆုံတွင် မော်တော်ယာဉ်အမှတ် (YGN 4K/5862) NISSAN Diesel (၁၂)ဘီးယာဉ်ပေါ်မှ တရားမဝင်အင်ခွဲသား(၄၄၂)ချောင်း (၉.၃၅၁၇)တန်အား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

date: 
Wednesday, February 19, 2020 - 10:30