ကျွန်းလှမြို့နယ်၊ မိုင်းဝန်းကြိုးဝိုင်းအတွင်း တရားမဝင်သစ်စက်နှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၁၆-၂-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျွန်းလှမြို့နယ်၊ မိုင်းဝန်းကြိုးဝိုင်းအကွက်အမှတ်(၁၂၅၊၁၂၇)တို့အတွင်း တရားမဝင်ကျွန်း/ပျဉ်းကတိုး/အင်ကြင်း/သစ်ယာသစ်/ ခွဲသား(၁၁၈)လုံး/ချောင်း (၁၈.၈၉၈)တန်နှင့် ချန်ချိုင်း(၂၅)ကောင်အင်ဂျင်(၁)လုံး သစ်စက်ဆက်စပ် ပစ္စည်းများနှင့်အတူ ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။

date: 
Wednesday, February 19, 2020 - 14:00