တနင်္သာရီမြို့နယ်အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

၁၇-၂-၂၀၂၀ ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ သစ်တော ဦးစီးဌာနမှ သစ်တောဝန်ထမ်းများအဖွဲ့၊ ခ.လ.ရ (၁၀၃)မှ ဗိုလ်မှူး ကျော်ထွန်းသူ ဦးစီးသော တပ်မတော်သားများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့ ပါဝင်သောပူးပေါင်းအဖွဲ့သည် တနင်္သာရီမြို့နယ်၊ သိန်ခွန်းကျေးရွာအုပ်စု၊ ငဝန်တိုးချဲ့(၁)ကြိုးဝိုင်း၊ သဲဖြူကျေးရွာ၏တောင်ဘက်(၃)မိုင်ခန့်အကွာ၊ သိန်ခွန်းချောင်းအတွင်းမှ တရားမဝင် ကညင်/လေသရက်/သင်ပုန်း ခွဲသား(၁၅၀)ချောင်း (၁၈.၃၇၈၂) တန်၊ ကျွဲ(၅)ကောင်၊ လက်ကိုင်စက်လွှ (၂)လုံးနှင့်အတူ တရားခံ(၁၁)ဦး ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိပါသည်။

date: 
Wednesday, February 19, 2020 - 14:00