ပဲခူးမြို့နယ်အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

၁၇-၂-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ အမှတ်(၁၀၅)တပ်မှ ဗိုလ်ကြီး ဖြိုးကိုဇင် ဦးစီးသောတပ်မတော်သားများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ပဲခူးမြို့နယ်၊ စလူကြိုးဝိုင်းအကွက်အမှတ် (၁၈၁)အတွင်းမှ တရားမဝင် ကျွန်းခွဲသား (၆၁)ချောင်း (၇.၄၈၈၂)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Wednesday, February 19, 2020 - 14:00