ဖောင်းပြင်မြို့နယ်၊ စန္ဒာကြိုးပြင်ခုတ်ကွက်ကြီး(XXXII)အတွင်း တရားမဝင်သစ်စက်နှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၁၆-၂-၂၀၂ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် ဖောင်းပြင်မြို့နယ်၊ စန္ဒာကြိုးပြင်ခုတ်ကွက်ကြီး(XXXII)အတွင်း တရားမဝင်အင်ကြင်း/အင်ခွဲသား (၅၀၆)ချောင်း (၁၄.၀)တန်အား သစ်စက်ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Wednesday, February 19, 2020 - 14:00