ကျိုင်းတုံမြို့နယ်၊ တာပင်းအုပ်စု၊ ဝမ်ပုံကျေးရွာအနီးမှ တရားမဝင်သစ်များ ဖမ်းဆီးရမိ

၁၇-၂-၂၀၂၀ ရက်နေ့တွင် ရှမ်းပြည်နယ်(အရှေ့)၊ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့နယ်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့၊ တြိဂံတိုင်းဒေသစစ်ဌာနချုပ်နည်းဗျူဟာ (၃)မှ ဗျူဟာမှူး ဗိုလ်မှူးကြီး ဦးစီးသောအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ကျိုင်းတုံမြို့နယ်၊ တာပင်းအုပ်စု၊ ဝမ်ပုံကျေးရွာအနီးမှ တရားမဝင် ကျွန်းခွဲသားဆိုဒ်စုံ (၉၅)ချောင်း (၅.၃၂၉၀)တန်၊ တရုတ်နိုင်ငံလုပ် ချိန်းဆော (၄)လက်တို့အား ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Thursday, February 20, 2020 - 12:00