ကျိုင်းတောင်းမြို့၊ နားပေါ့ကြိုးဝိုင်းအတွင်း ဆင်(၁)ကောင် ဖမ်းဆီးရမိ

၁၁-၂-၂၀၂၀ ရက်နေ့တွင် ရှေ့တန်းခမရ(၅၂၀)မှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ကျော်ဇေယျဦးစီးပါတပ်ခွဲ(၂)ခွဲသည် နယ်မြေရှင်းလင်းဆောင်ရွက်စဉ် ကျိုင်းတောင်းမြို့၏ အရှေ့တောင်ဘက်(၂၅)မိုင်ခန့်အကွာ၊ နားပေါ့ကြိုးဝိုင်းအတွင်း ဆင်(၁)ကောင်အား ဆင်ထိန်း(၂)ဦးပါ တရားခံ(၅)ဦးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ၁၃-၂-၂၀၂၀ ရက်နေ့တွင် သစ်တောဦးစီးဌာနသို့ ဆက်သွယ်အကြောင်းကြားအပ်နှံလာ၍ တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

date: 
Thursday, February 20, 2020 - 12:15