တိုက်ကြီးမြို့နယ်၊ ရန်ကုန်-ပြည်ကားလမ်း(တိမ်းမှောက်) မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၁၈-၂-၂၀၂၀ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းမျာအဖွဲ့သည် တိုက်ကြီးမြို့နယ်၊ ဥက္ကံမြောက်(၁)နယ်မြေ၊ ရန်ကုန်-ပြည်ကားလမ်းမိုင်တိုင်အမှတ်(၆၈/၀)နေရာ၌ တိမ်းမှောက်နေသော မော်တော်ယာဉ်အမှတ် (MDY 1P/1097) NISSAN UD Counter(၆)ဘီး(အဖြူရောင်) ယာဉ်ပေါ်မှ တရားမဝင်ကျွန်းခွဲသား (၂၈၀)ချောင်း (၅.၃၀၈၂)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Thursday, February 20, 2020 - 12:15