မင်းကင်းမြို့နယ်၊ မောက္ကတောအဆိုပြုကြိုးပြင်ကာကွယ်တောအတွင်း တာယာဘီးတပ်လှည်း(၄)စီးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၁၈-၂-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မင်းကင်းမြို့နယ်၊ မောက္ကတောအဆိုပြုကြိုးပြင်ကာကွယ်တောအတွင်း တာယာဘီးတပ်လှည်း(၄)စီးပေါ်မှ တရားမဝင်အင်သစ် (၂၀)လုံး (၁၀.၈၇၆၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Thursday, February 20, 2020 - 12:15