ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်နှင့် တာဝန်ရှိသူများအား Ms. Kate Lazarus (Senior Operations Officer, Asia ESG Advisory Lead, IFC)နှင့်အဖွဲ့မှာ လာရောက်တွေ့ဆုံ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ ဧည့်ခန်းမ၌ ၂၀-၂-၂၀၂၀ ရက်နေ့ နံနက်(၁၀:ဝဝ)နာရီအချိန်တွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်နှင့် တာဝန်ရှိသူများအား Ms. Kate Lazarus (Senior Operations Officer, Asia ESG Advisory Lead, IFC)နှင့်အဖွဲ့မှာ လာရောက်တွေ့ဆုံ၍ ဇီဝမျိုးစုံပျိုးကွဲမျှခြေလုပ်ငန်းစီမံချက်(Biodiversity Offset Management Plan-BOMP)ကိုပူးပေါင်းအကောင်အထည်ဖော်ရန် Letter of Agreement (LoA) လက်မှတ်ရေးထိုးနိုင်ရေးကိစ္စများအား ဆွေးနွေးခဲ့ပါသည်။

date: 
Thursday, February 20, 2020 - 14:45