ရေကြည်မြို့နယ်၊ ရေနံသာစုပေါင်းစစ်ဆေးရေးစခန်းအနီးတွင် မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၁၉-၂-၂၀၂၀ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့သည် ရေကြည်မြို့နယ်၊ ရေနံသာ-ဂွကားလမ်း၊ ရေနံသာစုပေါင်းစစ်ဆေးရေးစခန်းအနီးတွင် မော်တော်ယာဉ်အမှတ် (8I/7968) NISSAN (၆)ဘီး(ခေါင်းစိမ်း) ယာဉ်ပေါ်မှ တရားမဝင်တောင်သရက်ခွဲသား (၄၁)ချောင်း (၃.၈၉၉၄)တန်အား တရားခံ(၂)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

date: 
Friday, February 21, 2020 - 11:15