ကသာမြို့နယ် တရားမဝင်သစ်များ ဖမ်းဆီးရမိ

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRSဖြင့် သတင်း ပေးပို့ချက်အရ ၁၉-၂-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ်၊ သစ်တော ဦးစီးဌာနမှ လ/ထညွှန်မှူး ဦးမြင့်နိုင်ဦး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကသာမြို့နယ်၊ ဆင်စင်းရွာ၏ အောက်ဘက်ရွှေလီမြစ်အတွင်း တရားမဝင် ကျွန်းသစ်/ကျွန်းခွဲသား(၃ပေတို)/လုံးပတ်၃ပေအောက် ကျွန်း သစ်(၅၅၁)လုံး/ချောင်း (၂၆.၄၁၀၄)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံ များအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီထိရောက်စွာ အရေးယူနိုင်ရေးစီစဉ်ဆောင်ရွက် လျက်ရှိပါသည်။

date: 
Tuesday, February 25, 2020 - 10:30