တမူးမြို့နယ်အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

၁၉-၂-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ တမူးမြို့နယ်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ခ.လ.ရ(၂၆၆)တပ်ရင်းမှ ဗိုလ်ကြီး မိုးဟိဏ်း ဦးစီးသောတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ နေပြည်တော်တိုင်း(မ်)မီဒီယာအဖွဲ့ဝင်များ၊ ဗန္ဒုလအုပ်စု အုပ်ချုပ်ရေးမှူးတို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တမူးမြို့နယ်၊ မြို့သစ်မြို့၏အရှေ့ တောင်ဘက် (၆)မိုင်ခန့်အကွာမှ တရားမဝင် ကျွန်းသစ် (၃၃)လုံး (၉.၅၉၇၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, February 25, 2020 - 10:30