ကနီမြို့နယ်၊ အလောင်းတော်ကဿပအမျိုးသားဥယျာဉ်အတွင်းမှ တရားမဝင်သစ်များ ဖမ်းဆီးရမိ

၂၀-၂-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ/ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကနီမြို့နယ်၊ အလောင်းတော်ကဿပအမျိုးသားဥယျာဉ်အတွင်းမှ တရားမဝင် ပိတောက်ခွဲသား (၄၂) ချောင်း (၅.၉၈၈၂)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, February 25, 2020 - 10:30