မဟာအောင်မြေမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းပေါ်မှ မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၂၀-၂-၂၀၂၀ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မဟာအောင်မြေ(အမရပူရ) မြို့နယ်၊ မြစ်တူးကျေးရွာ အုပ်ချုပ်ရေးမှူး၊ ဆင်ရွာမြင်မူအုပ်ချုပ်ရေးမှူးတို့ ပါဝင်သောပူးပေါင်းအဖွဲ့သည် အမရပူရမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် (၃၆၁/၂)နေရာမှ မော်တော်ယာဉ်အမှတ်-(YGN-1D/9471)(NOAH) အဖြူရောင်(၄)ဘီးယာဉ်ပေါ်မှ တရားမဝင် ပိတောက်ခွဲသား (၂၂) ချောင်း (၁.၄၅၂၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, February 25, 2020 - 10:30