အုတ်တွင်းမြို့နယ်အတွင်း မော်တော်ယာဉ်(၁)စီးပေါ်မှ တရားမဝင်သစ်များ ဖမ်းဆီးရမိ

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၁၉-၂-၂၀၂၀ ရက်နေ့မှ ၂၀-၂-၂၀၂၀ ရက်နေ့အထိ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ သစ်တောဦးစီးဌာနမှ လ/ထညွှန်ကြားရေးမှူး နှင့် အုတ်တွင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် အုတ်တွင်း မြို့နယ်၊ ဖြူးကွန်းကြိုးဝိုင်းနှင့် ခပေါင်းကြိုးဝိုင်းနေရာများမှ မော်တော်ယာဉ်အမှတ် (4I-5984) CROWN နက်ပြာယာဉ်ပေါ်မှ တရားမဝင် ပျဉ်းကတိုး/ကျွန်း သစ်/ခွဲသား (၁၂၃)လုံး/ချောင်း (၁၂.၁၉၅၂)တန်၊ ကျွန်းပါကေး (၃၈၈)ချပ် (၀.၄၄၇၈)တန်တို့အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိပါသည်။

date: 
Tuesday, February 25, 2020 - 10:45