ရေတာရှည်မြို့နယ်အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

၁၉-၂-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံးမှ ဦးစီးအရာရှိ နှင့် ရေတာရှည်မြို့နယ်မှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် ရေတာရှည်မြို့နယ်၊ အနောက်ဆွာကြိုးဝိုင်းအကွက်အမှတ်(၈၈၊၉၄)အတွင်းမှ တရားမဝင် ကျွန်း/ ပျဉ်းကတိုး သစ်/ခွဲသား (၆၇)လုံး/ချောင်း (၂၀.၃၄၃၆)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိပါသည်။

date: 
Tuesday, February 25, 2020 - 10:45