ငပုတောမြို့နယ်အတွင်း မော်တော်ယာဉ်(၂)စီးပေါ်မှ တရားမဝင်သစ်များဖမ်းဆီးရမိ

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့်သတင်း ပေးပို့ချက်အရ ၂၃-၂-၂၀၂၀ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ သစ်တော ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ငပုတောမြို့နယ်၊ တောကြီးရွာအနီး(ဒေသအခေါ်)ညောင်ပင်စခန်းနေရာ မော်တော်ယာဉ် (၂)စီးနှင့် တရားမဝင် သစ်ပုတ်/ဘောင်ဆန့်/လုံးပတ်၃ပေအောက်ဘောင်ဆန့် သစ်/ခွဲသား (၆၇)လုံး/ ချောင်း (၈.၂၃၇၂)တန်အား တရားခံ(၅)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးသက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိပါသည်။

date: 
Wednesday, February 26, 2020 - 10:45