နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ဖမ်းဆီးရမိမှု

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာ သော စာရင်းများအရ တရားမဝင် ကျွန်း(၂၃၀.၈၄၆၄)တန်၊ သစ်မာ(၁၁၆.၅၂၅၄)တန်၊ အခြား (၂၇၈.၇၇၁၇)တန်၊ စုစုပေါင်း(၆၂၆.၁၄၃၅)တန်၊ တရားခံ(၆၄)ဦး၊ ယာဉ်/ယန္တရား(၄၅)စီး ဖမ်းဆီးရမိခဲ့ပါသည်- ဖမ်းဆီးရမိမှုများအနက်အများဆုံးဖမ်းဆီးရမိမှုမှာ ၂၂-၂-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသ ကြီး၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်၊ မြို့မဘိနယ်၊ နန်းကမြစ်အပတောနေရာမှ တရားမဝင် သစ်စေး/အင်/ကညင် သစ်လုံး/ခွဲသား (၁၇၁)လုံး/ချောင်း (၅၄.၆၃၃၂)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီး ရမိမှုဖြစ်ပါသည်-

date: 
Wednesday, February 26, 2020 - 11:30