အုတ်တွင်းမြို့နယ်၊ ဖြူးကွန်းကြိုးဝိုင်းအတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၂၅-၂-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ အမှတ်(၆)တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းမှ ဗိုလ်ကြီးစိုင်းလှရွှေပါ တပ်မတော်သားများပါဝင်သော ပူးပေါင်းအဖွဲ့သည် အုတ်တွင်းမြို့နယ်၊ ဖြူးကွန်း ကြိုးဝိုင်းအကွက်အမှတ်(၄၈၊၇၃)အတွင်း တရားမဝင် ကျွန်းသစ်/ခွဲခြမ်း(၅၂)လုံး/ခြမ်း (၁၁.၈၁၈၀)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Thursday, February 27, 2020 - 13:15