တိုက်ကြီးမြို့နယ်၊ သပြေတန်းရွာအနီးတွင် မော်တော်ယာဉ်(၁)စီးပေါ်မှ တရားမဝင်သစ်များ ဖမ်းဆီးရမိ

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၂၅-၂-၂၀၂၀ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တိုက်ကြီးမြို့နယ်၊ မင်းလှဝကျေးရွာအုပ်စု၊ သပြေတန်းရွာ ဘုန်းကြီးကျောင်းအရှေ့ဘက်၊ လှိုင်မြစ်ဘေးတွင် မော်တော်ယာဉ်အမှတ် (1L/8817) NISSAN UD Counter (၆)ဘီးယာဉ်ပေါ်မှ တရားမဝင်ကျွန်းခွဲသား(၆၃)ချောင်း (၇.၈၉၈၀)တန်အား ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Thursday, February 27, 2020 - 13:45