ဘုတ်ပြင်မြို့နယ်အတွင်း မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၂၅-၂-၂၀၂၀ ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဘုတ်ပြင်းမြို့နယ်၊ ရေလည်တောင် ဆီအုန်းခြံအနီး မော်တော်ယာဉ်အမှတ် (2J/5663) SKAT အဖြူရောင် ယာဉ်(၁)စီးပေါ်မှ တရားမဝင် ကတွတ်ခွဲသား (၈၇)ချောင်း (၄.၇၅၄၆)တန်အား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

date: 
Thursday, February 27, 2020 - 13:45