ရမည်းသင်းမြို့နယ်အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၂၆-၂-၂၀၂၀ ရက်နေ့တွင် နေပြည်တော်၊ သစ်တောဦးစီးရုံးချုပ်၊ စစ်ဆေးရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်း ခရိုင်၊ ရမည်းသင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့သည် ရမည်းသင်းမြို့နယ်၊ လဲဖြူဆည်တမံအောက်ရေမြောင်းဘေး၊ မြင်းနားကျေးရွာအနီးဝန်းကျင်နှင့် ရွှေမြင်တင်ဘုရားတောင်ဘက် သရက်တောအတွင်းနေရာများမှ တရားမဝင်သစ်ယား/မျောက်ငို/စကားဝါ/ ကညင်သစ်/ခြမ်း(၂၇)လုံး/ခြမ်း(၉.၉၂၄)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိပါသည်။

date: 
Wednesday, March 4, 2020 - 10:00