ကသာမြို့နယ်အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

၂၈-၂-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သောပူးပေါင်း အဖွဲ့သည် ကသာမြို့နယ်၊ ရေနီကျေးရွာ၏မြောက်ဘက်(၁)ဖာလုံခန့်အကွာမှ တရားမဝင် ကျွန်း/ကညင် သစ်/ခွဲသား (၂၀၅)လုံး/ချောင်း (၁၀.၅၈၈၂)တန်နှင့် ဂျင်ဒေါင်း(၂၅)ကောင်အင်ဂျင် (၁)လုံးပါ သစ်စက် ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Wednesday, March 4, 2020 - 10:00