လှည်းကူးမြို့နယ်အတွင်း မော်တော်ယာဉ်(၂)စီးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၄-၃-၂၀၂၀ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သင်္ဃန်းကျွန်း/အင်းစိန်/အလုံမြို့နယ်တို့မှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် လှည်းကူးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်၊ (၀/၇)Toll Gate နေရာနှင့် အမှတ်(၃)လမ်းမကြီးတံတားအမှတ်(၁/၁)အနီးနေရာတို့၌ မော်တော်ယာဉ်အမှတ် (6D/1541) TOYOTA Caldina (အဖြူရောင်)ယာဉ်နှင့် မော်တော်ယာဉ်အမှတ်(8I/8142) TOYOTA Super Custom (ခဲရောင်)ယာဉ်များပေါ်မှ တရားမဝင်ကျွန်းခွဲသား/ပါကေး(၄၀၉)ချောင်း (၂.၅၉၄၄)တန်အား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

date: 
Thursday, March 5, 2020 - 15:45