ကနီမြို့နယ်၊ ကနီ-ကင်းကားလမ်းတွင် မော်တော်ယာဉ်(၂)စီးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၄-၃-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ/ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကနီမြို့နယ်၊ ကနီ-ကင်းကားလမ်း(41-KM)အနီးနေရာ၌ မော်တော်ယာဉ်အမှတ်(SGG 9F/9985) NISSAN Diesel (ဖြူစိမ်းကြား)ယာဉ်နှင့် မော်တော်ယာဉ်အမှတ်(SGG 2M/4080)(စိမ်းဖြူဝါကြား)ယာဉ်တို့နှင့်အတူ တရားမဝင်အင်သစ်(၁၀၉)လုံး (၅.၈၈၆)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, March 10, 2020 - 15:00