ဟုမ္မလင်းမြို့နယ်၊ တုံစီကျေးရွာအနီးတွင် တရားမဝင်သစ်စက်နှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၄-၃-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် ဟုမ္မလင်းမြို့နယ်၊ တုံစီကျေးရွာ၏ အနောက်ဘက်(၄)မိုင်ခန့်အကွာနေရာ၌ တရားမဝင်အင်သစ်/ခြမ်း/ခွဲသား(၂၁၈)လုံး/ခြမ်း/ချောင်း (၈.၃၃၂၆) တန်နှင့် ဂျင်ဒေါင်း(၂၅)ကောင်အင်ဂျင်(၁)လုံးသစ်စက်နှင့် ဆက်စပ်ပစ္စည်းများ၊ ချိန်းဆော(၁)လက်တို့နှင့် အတူ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, March 10, 2020 - 15:00