ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်နှင့် တာဝန်ရှိသူများအား EU မှ Deputy Head of Cooperation ဖြစ်သူ Mr. Pedro CAMPO-LLOPIS နှင့်အဖွဲ့၊ FAO မှ representative ဖြစ်သူ Ms. Xiaojie Fan နှင့်အဖွဲ့မှ လာရောက်တွေ့ဆုံ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ ၁၀-၃-၂၀၂၀ ရက်နေ့ နံနက်(၁၁:ဝဝ)နာရီအချိန်တွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်နှင့် တာဝန်ရှိသူများအား EU မှ Deputy Head of Cooperation ဖြစ်သူ Mr. Pedro CAMPO-LLOPIS နှင့်အဖွဲ့၊ FAO မှ representative ဖြစ်သူ Ms. Xiaojie Fan နှင့်အဖွဲ့မှ လာရောက်တွေ့ဆုံ၍ EU ၏အထောက်အပံ့ဖြင့် FAO နှင့် ပူးပေါင်းဆောင်ရွက်မည့် အမျိုးသားမြေအသုံးချမှုမူဝါဒကို အကောင်အထည်ဖော်ဆောက်ရွက် နိုင်ရေးစီမံကိန်း အဆိုပြုလွှာရေးဆွဲရန်ကိစ္စများအား ဆွေးနွေးခဲ့ပါသည်။

date: 
Wednesday, March 11, 2020 - 15:45