ဝက်လက်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

၁၀-၃-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဝက်လက်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်အတွင်း တရားမဝင်သစ်ယာ/အင်ကြင်း/အင်/ဖန်းခါးခွဲသား (၈၈၆)ချောင်း (၃၃.၄၄၉၈)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Thursday, March 12, 2020 - 14:15