ကနီမြို့နယ်အတွင်း မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၈-၃-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းဒေသကြီး၊ မုံရွာ/ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများအဖွဲ့၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေး အဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကနီမြို့နယ်၊ ကွမ်းပင်ရေစုပေါင်းစစ်ဆေးရေးစခန်း(မုံရွာ-ယာကြီး-ကလေးဝ)ကားလမ်း (၄၇/၆)မိုင် မော်တော်ယာဉ်အမှတ် (MDY 6C/4989) မြေသယ်ယာဉ် (၁၂)ဘီးအဖြူရောင် ယာဉ်ပေါ်မှ တရားမဝင် ပိတောက်ခွဲသား (၃၆)ချောင်း (၄.၀၆၉၄)တန်အား တရားခံ(၂)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

date: 
Thursday, March 12, 2020 - 14:15