ပဲခူးမြို့နယ်၊ အဆိပ်တောင်ကျေးရွာအနီးတွင် မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၁၀-၃-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပဲခူးမြို့နယ်၊ အဆိပ်တောင်ကျေးရွာအနီး၊ ဒေသအခေါ်(ဆည်လည်ချောင်း)လယ်ကွင်းဘေးခြုံစပ်အတွင်း မော်တော်ယာဉ်အမှတ် (MGY 2B/8457) NISSAN Diesel (၆)ဘီးယာဉ်ပေါ်မှ တရားမဝင်ပျဉ်းကတိုးခွဲသား(၅၀)ချောင်း (၄.၀၀၆၂)တန်အား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

date: 
Thursday, March 12, 2020 - 14:15