ဆိပ်ဖြူမြို့နယ်၊ ရေထွက်ကျေးရွာအနီး တရားမဝင်သစ်များ ဖမ်းဆီးရမိ

၁၂-၃-၂၀၂၀ ရက်နေ့ နံနက် (၁၁:၃၅)နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် ဆိပ်ဖြူမြို့နယ်၊ ရေထွက်ကျေးရွာ၏ အရှေ့မြောက်ဖက် (၂)ဖာလုံခန့်အကွာ နေရာမှ တရားမဝင်သစ်စက်ဆက်စပ်ပစ္စည်းများနှင့် သစ်မျိုးစုံ ၁ တန်ခန့်(ခန့်မှန်း)အား သစ်စက်ပိုင်ရှင်(၁)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး သီးခြားပိုင်ရှင်များအား(စိစစ်ဆဲ) စုံစမ်းရှာဖွေဖော်ထုတ်ခြင်းနှင့် တိုင်းတာစစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။

date: 
Friday, March 13, 2020 - 14:30