ထီးလင်းမြို့နယ်အတွင်း မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၁၁-၃-၂၀၂၀ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ထီးလင်းမြို့နယ်၊ ထီးလင်း-ကျောက်ထုသွား ကားလမ်း၊ မိုင်တိုင်အမှတ်-၂၃/၅ နှင့် ၂၃/၆ ကြား ထီးလင်းမြို့၏တောင်ဘက်နေရာ၌ မော်တော်ယာဉ် (၃ခ/၁၃၀၇) Nissan Diesel အမျိုးအစား(၆)ဘီး(ဖြူ/စိမ်းကြား) ယာဉ်ပေါ်မှ တရားမဝင် ပိတောက်ခွဲသား (၇၅)ချောင်း (၈.၂၀၅၈) တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Friday, March 13, 2020 - 14:30