ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်းအဖွဲ့(CFNWG)၏ (၂၁)ကြိမ်မြောက် အစည်းအဝေး ကိုကျင်းပပြုလုပ်

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ၁၃-၃-၂၀၂၀ ရက်နေ့ (ဝ၉:ဝ၀)နာရီအချိန်တွင် ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်းအဖွဲ့(CFNWG)၏ (၂၁)ကြိမ်မြောက် အစည်းအဝေး ကိုကျင်းပပြုလုပ်ရာ သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် CFNWG အဖွဲ့ဥက္ကဌ ဦးကျော်ကျော်လွင်နှင့် အဖွဲ့ဝင်များ၊ ECCDI ၊ RECOFTC ၊ MERN ၊ FREDA ၊ WWF ၊ FFI အဖွဲ့များမှ တာဝန်ရှိသူများ၊ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်မှ ကိုယ်စားလှယ်များ ၊ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောအသုံးပြု သူများအဖွဲ့ ကိုယ်စားလှယ်များ အခြားဖိတ်ကြားထားသည့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်း ဆိုင်ရာ ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ဆောက်ရွက်လျက် ရှိသောစီမံကိန်းလုပ်ငန်းတိုးတက်မှုများ၊ ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြခြင်းနှင့် အထွေထွေဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပါသည်….

date: 
Monday, March 16, 2020 - 13:30