ပန်းတောင်းမြို့နယ်၊ ကြေးစီရွာအနီးတွင် တရားမဝင်သစ်စက်နှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၁၄-၃-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပန်းတောင်းမြို့နယ်၊ ကြေးစီရွာ၏ အရှေ့တောင်ဘက်(၁)မိုင်ခန့် အကွာနေရာ၌ တရုတ်နီအင်ဂျင်(18Hp)(ANEC)(၁)လုံး သစ်စက်ဆက်စပ်ပစ္စည်းများနှင့်အတူ တရားမဝင် ဘင်္ဂ၊ နှော၊ ပျဉ်းကတိုး၊ သစ်ယာ၊ ဖက်ဝန်း၊ မျောက်ချော၊ ဇင်ပြွန်းသစ်/ခွဲသား (၁၇၃)လုံး/ချောင်း (၁၁.၉၆၈၆)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, March 17, 2020 - 11:00