မော်လိုက်မြို့နယ်အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၁၃-၃-၂၀၂၀ ရက်နေ့မှ ၁၄-၃-၂၀၂၀ ရက်နေ့ထိ စစ်ကိုင်းတိုင်းဒေသကြီး၊ တရားမဝင်သစ်နှင့်သစ်တော ထွက်ပစ္စည်းများရှာဖွေဖော်ထုတ်ဖမ်းဆီးရေးအဖွဲ့မှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ခမ်းပတ်မြို့နယ်၊ နယ်မြေတပ်ရင်းမှ ဗိုလ်ကြီးကျောက်သက်အောင်ပါ တပ်မတော်သားများပါဝင်သော ပူးပေါင်းအဖွဲ့သည် မော်လိုက်မြို့နယ်၊ မော်ကူးကြိုးဝိုင်းအကွက်အမှတ် (၁၃၇၊ ၁၃၈)အတွင်း တရားမဝင်ကညင်သစ်လုံး (၄၉)လုံး (၃၅.၇၁၈)တန် ၊ကညင်ခွဲသား (၁၂၈)ချောင်း (၂၇.၉၁၃)တန် စုစုပေါင်း (၆၃.၆၃၁)တန်နှင့် တစ်လုံးထိုး(ပြောင်းချော)လက်လုပ်သေနက်(၁)လက် တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိပါသည်

date: 
Tuesday, March 17, 2020 - 13:15