KFS-REDD+ စီမံကိန်း၏ ကျေးလက်ဒေသဖွံ့ဖြိုးမှု အထောက်အကူပြု ဝါးလက်မှု သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

“ KFS-REDD+ ” စီမံကိန်း၏ ကျေးလက်ဒေသဖွံ့ဖြိုးမှု အထောက်အကူပြု ဝါးလက်မှု သင်တန်းဆင်းပွဲအခမ်းအနားအား ၁၇-၃-၂၀၂၀ ရက်နေ့၊ (၁၄:၀၀)နာရီတွင် သစ်တောသုတေသနဌာန၊ စုဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော် တက်ရောက်၍ သင်တန်းဆင်းအမှာစကားပြောကြားပြီး သင်တန်းဆင်းလက်မှတ်များချီးမြှင့် ပါသည်။ အခမ်းအနားသို့ သစ်တောဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် (မူဝါဒနှင့်စီမံကိန်း)ဦးကျော်ကျော်လွင်နှင့် သစ်တောအရာရှိကြီးများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသားများတက်ရောက်ကြပါသည်။

date: 
Wednesday, March 18, 2020 - 10:15