လှည်းကူးမြို့နယ်၊ အမြန်လမ်းမကြီးတွင် မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၁၆-၃-၂၀၂၀ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မှော်ဘီ/သင်္ဃန်းကျွန်း/အင်းစိန်/အလုံမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် လှည်းကူးမြို့နယ်၊ အမြန်လမ်းမကြီးမိုင်တိုင်အမှတ်(၀/၇)၊ Toll Gate တွင်မော်တော်ယာဉ် အမှတ် (8I/2768) Super Custom(အဖြူ/ခဲရောင်) ယာဉ်ပေါ်မှ တရားမဝင်ကျွန်းခွဲသား(၃၈)ချောင်း (၁.၃၇၅၄)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။

date: 
Wednesday, March 18, 2020 - 10:30