ကော့ကရိတ်မြို့နယ်၊ မြဝတီ-ကော့ကရိတ်အာရှလမ်းမဘေး၊ ကျိုက်ဒုံသွားလမ်းပေါ်မှ မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၁၅-၃-၂၀၂၀ ရက်နေ့တွင် ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ကော့ကရိတ်ခရိုင် တရားမဝင် ကုန်စည် တားဆီးကာကွယ်ရေးအဖွဲ့မှ ခရအမှူးပါဝင်သောတပ်ဖွဲ့ဝင်များ၊ အကောက်ခွန်ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ စကခ(၁၂)မှ ဒုဗမက မင်းထင်အောင်ပါ တပ်မတော်သားများ၊ ခလရ(၂၃၁)မှ ဗက ဟန်မင်းထက်ပါ တပ်မတော်သားများ၊ ယထရစု(၁)မှ တပ်မတော်သားများ၊ မြို့နယ်လဝကမှ ဝန်ထမ်းများ၊ မူးယစ်တပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကော့ကရိတ်မြို့နယ်၊ မြဝတီ-ကော့ကရိတ်အာရှလမ်းမဘေး၊ ကျိုက်ဒုံသွားလမ်းပေါ်မှ မော်တော်ယာဉ်အမှတ် (KYN 8H/7203) NISSAN UD (၆)ဘီး(စိမ်း/ပြာရောင်)ယာဉ်ပေါ်မှ တရားမဝင်သင်္ဂဒူခွဲသား(၅၂၉)ချောင်း (၁၀.၀၄၂၈)တန်အား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

date: 
Wednesday, March 18, 2020 - 10:30