မဘိမ်းမြို့နယ်အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

၁၆-၃-၂၀၂၀ ရက်နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မဘိမ်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် မဘိမ်းမြို့နယ်၊ ကွန်းတောကျေးရွာ၏ အရှေ့မြောက်ဘက်(၂)မိုင်ခန့်အကွာနှင့် နမ့်မဲကြိုးဝိုင်းအကွက်အမှတ် (၁၄)နေရာတို့မှ တရားမဝင် ကျွန်းသစ်/လုံးပတ်၃ပေအောက်ကျွန်းသစ် (၄၆)လုံး (၈.၇၁၀၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ် ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Friday, March 20, 2020 - 09:30