ဆိပ်ဖြူမြို့နယ်၊ ဆိပ်ဖြူ-ဆောကားလမ်းတွင် မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၁၉-၃-၂၀၂၀ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဆိပ်ဖြူမြို့နယ်၊ ဆိပ်ဖြူ-ဆောကားလမ်း၊ မိုင်တိုင်အမှတ်(၂၀/၇)နှင့် (၂၁/၀)ကြားနေရာ၌ မော်တော်ယာဉ်အမှတ်မပါ HINO (၆)ဘီးယာဉ်အား တိမ်းမှောက်မီးလောင်ကျွမ်းလျက်ရှိသည်ကို စစ်ဆေးတွေ့ရှိရပြီး မော်တော်ယာဉ်ပေါ်၌ တရားမဝင်သစ်များ ထက်ဝက်ကျော်ခန့်မီးလောင်ကျွမ်းခဲ့ပြီး (အခြား)သစ်ခွဲသားများနှင့် မော်တော်ယာဉ်အား သပြေဝဘိနယ်ရုံးသို့ သယ်ယူသိမ်းဆည်းသွားမည်ဖြစ်ပြီးဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Friday, March 20, 2020 - 12:15