FD-ITTO Biodiversity စီမံကိန်း၏ စီမံကိန်းပြီးမြောက်ခြင်း အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားနှင့် ၂၀၂၀ ပြည့်နှစ်၏ အပြည်ပြည်ဆိုင်ရာ သစ်တော များနေ့အခမ်းအနားကို မတ်လ(၂၀)ရက်နေ့တွင် သစ်တောသုတေသနဌာန မြင်ခင်းပြင်၌ ကျင်းပ

FD-ITTO Biodiversity စီမံကိန်း၏ စီမံကိန်းပြီးမြောက်ခြင်း အလုပ်ရုံဆွေးနွေးပွဲ
ဖွင့်ပွဲအခမ်းအနား အား ၂၀-၃-၂၀၂၀ ရက်နေ့၊ (၀၉:၀၀)နာရီတွင် သစ်တောသု တေသနဌာန၊ စုဝေးခန်းမတွင်ကျင်းပပြုလုပ်ရာ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားပါသည်။ အခမ်းအနားသို့ သစ်တောဦးစီးဌာနမှ အရာရှိကြီးများ၊ မိတ်ဖက်အဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များ၊ သစ်တောသုတေသနဌာနမှ သုတေသီ ဝန်ထမ်းများနှင့် အခြားဖိတ်ကြားထားသည့် ဧည့်သည်တော်များတက်ရောက်ကြပါသည် အလုပ်ရုံဆွေးနွေးပွဲအပြီးတွင် ယခုနှစ် ၂၀၂၀ ပြည့်နှစ်၏ အပြည်ပြည်ဆိုင်ရာ သစ်တော များနေ့အခမ်းအနားကို မတ်လ(၂၀)ရက်နေ့တွင် သစ်တောသုတေသနဌာန မြင်ခင်းပြင်၌ ကျင်းပခဲ့ရာ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်မှ အထိမ်းအမှတ် အမှာစကားပြောကြားခဲ့ပါသည်။ တက်ရောက်လာကြသူ သစ်တောဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများ၊ သစ်တောသုတေသန ဝန်ထမ်းများ စုပေါင်းသစ်ပင်စိုက်ပျိုးကြပါသည်။

date: 
Friday, March 20, 2020 - 14:30