ကလောမြို့နယ်(ပူးတွဲ)ပင်လောင်းမြို့နယ်၊ ပေါင်းလောင်းကြိုးဝိုင်းအတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

၁၈-၃-၂၀၂၀ ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ဖယ်ခုံမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ တောင်ကြီးခရိုင်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကလောမြို့နယ်(ပူးတွဲ)ပင်လောင်းမြို့နယ်၊ ရေဆိုးရွာတောင်ဘက်၊ နန်းစင်းချောင်းနံဘေး၊ ပေါင်းလောင်းကြိုးဝိုင်းအကွက်အမှတ်(၁၅၁)အတွင်း တရားမဝင်စကားဝါခွဲသား (၁၆၁)ချောင်း (၄.၅၆၄၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Monday, March 23, 2020 - 10:30