ကျွန်းလှမြို့နယ်အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

၁၈-၃-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ရွှေဘိုမြို့နယ်၊ ခင်ဦးမြို့နယ်၊ ကန့်ဘလူမြို့နယ်၊ တန့်ဆည်မြို့နယ်၊ သစ်တောဦးစီးဌာနတို့မှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျွန်းလှမြို့နယ်၊ ပြောင်သွယ်ကြိုးဝိုင်းအကွက်အမှတ်(၇၄)အတွင်းနှင့် မော်ကယ်ရွာ၏ မြောက်ဘက်လယ်ကွင်းအတွင်းတို့မှ တရားမဝင်ကျွန်း/ပျဉ်းကတိုး/သစ်ယာသစ်/ခွဲသား (၂၇၉)လုံး/ချောင်း (၂၂.၇၅၃၈)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Monday, March 23, 2020 - 11:00