ပန်းတောင်းမြို့နယ်၊ သူရဲတန်းကြိုးဝိုင်းအတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၁၉-၃-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် ပန်းတောင်းမြို့နယ်၊ သူရဲတန်းကြိုးဝိုင်းအကွက်အမှတ်(၃၁)၊ ပြည်-တောင်ကုတ်ကားလမ်း၊ မိုင်တိုင်အမှတ်(၄၃/၀)၏ အနောက်ဘက်(၅)ဖာလုံခန့်အကွာ ဒေသအခေါ် ညောင်ဝိုင်းပေါက်နေရာ၌ တရားမဝင်ဇင်ပြွန်း/ကညင်ခွဲသား (၄၂)ချောင်း (၉.၁၆၉၄)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Monday, March 23, 2020 - 13:30