ဒဂုံအရှေ့မြို့နယ်အတွင်း မော်တော်ယာဉ်(၃)စီးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၂၀-၃-၂၀၂၀ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒဂုံအရှေ့မြို့နယ် မင်းရဲကျော်စွာလမ်းပေါ် ဒဂုံတက္ကသိုလ်ရှေ့ အမှတ်(၂)လမ်းမကြီး၊ မိုင်တိုင်အမှတ်(၁၃/၀)၊ KZH ဆီဆိုင်ရှေ့နှင့် ကျန်စစ်သားလမ်းမပေါ် Gas ဆိုင်အနီးနေရာတို့၌ မော်တော်ယာဉ်(၃)စီးနှင့်အတူ တရားမဝင်ပျဉ်းကတိုး(ကျည်းဘောင်)(၄၃၃)ချောင်း(၁.၆၆၄၄)တန်အား တရားခံ(၃)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိပါသည်။

date: 
Tuesday, March 24, 2020 - 13:30