တောင်ငူမြို့နယ်၊ ခပေါင်းကြိုးဝိုင်းအတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၂၄-၃-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးခင်ဖုန်း ဦးဆောင်၍ ပြည်ခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်သိန်းဦး နှင့်သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့တို့ပါဝင်သောပူးပေါင်းအဖွဲ့သည် တောင်ငူမြို့နယ်၊ ခပေါင်းကြိုးဝိုင်း အကွက်အမှတ်(၁၁၄)အတွင်း တရားမဝင် ကျွန်းသစ်/ခွဲခြမ်း/ခွဲသား(၅၅၁)လုံး/ခြမ်း/ချောင်း (၂၈.၃၃၇)တန်၊ တူမီးသေနတ်(၂)လက်တို့အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Monday, March 30, 2020 - 12:45