အုတ်တွင်းမြို့နယ်အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

၂၅-၃-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးခင်ဖုန်း ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် အုတ်တွင်းမြို့နယ်၊ အုတ်တွင်း-ပေါက်ခေါင်းလမ်းမိုင်တိုင် (၅၉/၃) ဒေသအခေါ် (တံခွန်တိုင်)ပေါက်၊ ဖြူးကွန်းကြိုးဝိုင်းအကွက်အမှတ် (၄၅၊ ၄၄၊ ၄၃၊ ၆၁)နေရာများမှ တရားမဝင် ကျွန်း သစ်/ခွဲသား/ခွဲခြမ်း/စိတ် (၁၀၀)လုံး/ချောင်း/ခြမ်း/စိတ် (၁၆.၃၂၃၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများ အား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။

date: 
Wednesday, April 1, 2020 - 11:30